parallax background

ကျွန်ုပ်တို့အကြောင်း

မလေးရှား ကျန်းမာရေးစောင့်ရှောက်မှု

မလေးရှား ကျန်းမာရေး စောင့်ရှောက်မှု အကြောင်း

မလေးရှား၏ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ခရီးသွားလုပ်ငန်းတွင် အစိုးရ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၊ ပထမတန်း မလေးရှား ပုဂ္ဂလိကပိုင် ကျန်းမာရေး ဌာနများ၊ လေကြောင်းလိုင်းကုမ္ပဏီများ၊ ဟိုတယ်များနှင့် အခြားသော အဖွဲ့အစည်းများစွာတို့ ပါဝင်ပါသည်။ ကျွန်ုပ်တို့သည် ခရီးသည်များအားလုံးအတွက် မိခင်နိုင်ငံမှ စတင်၍ ရောက်ရှိသည့် အချိန်အထိ အစဉ်မပြတ် အစမှ အဆုံးတိုင် ကျန်းမာရေး စောင့်ရှောက်မှု အတွေ့အကြုံတစ်ခုကို အတူတကွ ထုဆစ်ပါသည်။ မလေးရှားကို ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကမ္ဘာ့ဦးဆောင်နိုင်ငံတစ်ခုအဖြစ် သိလာကြပြီး ကျွန်ုပ်တို့၏ ကောင်းမွန်သော စောင့်ရှောက်မှုပေးရာ နေရာကို သင့်အား မျှဝေပေးပါရစေ။ ကျွန်ုပ်တို့နှင့်အတူ ကျန်းမာရေး ခရီးလမ်းကို စတင်ပြီး သင့်စိတ်ကျေနပ်ချမ်းသာမှုအတွက် အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့်အတူ မတူကွဲပြား ယဉ်ကျေးမှု၊ ချောမွေ့ကောင်းမွန်သည့် ဆက်ဆံရေး၊ ကမ္ဘာ့အဆင့်မှီ အပန်းဖြေအနားယူရာ နေရာများနှင့် နွေးထွေးပျူငှာမှုများ၏ ရင်သပ်ရှုမောဖွယ်ရာများကို တွေ့ကြုံခံစားလိုက်ပါ။

ကျွန်ုပ်တို့ အကြောင်း

မလေးရှား ကျန်းမာရေးစောင့်ရှောက်မှု ခရီးသွား ကောင်စီ (MHTC) သည် နိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှု ခရီးသွား နေရာများအတွက် တာဝန်ခံ အဖြစ် တာဝန်ယူထားသော ကျန်းမာရေး ဝန်ကြီးဌာနအောက်ရှိ အဖွဲ့အစည်းတစ်ရပ် ဖြစ်ပါသည်။

ကောင်စီသည် လုပ်ငန်းညှိနှိုင်းပေါင်းစပ်ဆောင်ရွက်မှုများကို လုပ်ဆောင်ပေးပြီး မလေးရှား၏ ကျန်းမာရေးစောင့်ရှောက်မှု ခရီးသွား လုပ်ငန်းကို မြှင့်တင်ရန်၊ လွယ်ကူစေရန်နှင့် အားပေးတိုက်တွန်းရန် ပြည်တွင်းနှင့် ပြည်ပ အဖိုးထိုက်တန်သည့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများကို တည်ဆောက်ပါသည်။


၎င်းတို့အကြောင်းကို ဤနေရာတွင် ထပ်မံ ရှာဖွေလေ့လာပါ

မလေးရှား ကျန်းမာရေး စောင့်ရှောက်မှု တည်းခိုရာနှင့် ခေတ္တနားနေရန် နေရာများ

အစဉ်မပြတ် အစမှ အဆုံးတိုင် အတွေ့အကြုံတစ်ခုပေးခြင်းဖြင့် ကျွန်ုပ်တို့သည် ခရီးလမ်းတစ်လျှောက် အဆင့်တိုင်းတွင် သင်နှင့်အတူ ရှိနေပါသည်

မလေးရှားတွင် ဆေးကုသမှု ခံယူနေသော ကျန်းမာရေးစောင့်ရှောက်မှု ခရီးသွားများအားလုံးအတွက် တန်ဖိုး ပေါင်းထည့် ဝန်ဆောင်မှုတစ်ခုအနေဖြင့် ကျွန်ုပ်တို့သည် MHTC မလေးရှား တည်းခိုရာ ခေတ္တနားနေရာ နေရာများ (MCL) မှ ပေးအပ်ခဲ့သော MHTC တွေ့ဆုံနှုတ်ဆက် ဝန်ဆောင်မှုကို လေ့လာကြည့်ရန် သင့်အား ဖိတ်ခေါ်ပါသည်။

ဤဝန်ဆောင်မှုကို တောင်းဆိုရန် သင် ဆေးကုသမှု ခံယူမည့် ဆေးရုံကို ကျေးဇူးပြု၍ အကြောင်းကြားပေးပါ။


ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို ယခုပင် ဘွတ်ကင် တင်လိုက်ပါ

ဆေးဘက်ဆိုင်ရာ အီးဗီဇာ

ကျန်းမာရေးစောင့်ရှောက်မှု ခရီးသွားကို လွယ်ကူစေခဲ့ပါသည်

အီးဗီဇာ (ဆေးဘက်ဆိုင်ရာ) မှတစ်ဆင့် မလေးရှားသို့ ကသီလင်တကင်းသော ကျန်းမာရေးစောင့်ရှောက်မှု ခရီးသွားခြင်းကို မိတ်ဆက်ခြင်း။ မလေးရှား၏ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ လုပ်ဆောင်သော အသစ်စက်စက် အကောင်အထည်ဖော်ဆောင်နေသော ပလက်ဖောင်းသည် မလေးရှား၏ ပုဂ္ဂလိက ဆေးရုံများတွင် ကူသမှု ခံယူကြမည်ဖြစ်သော ကျန်းမာရေးစောင့်ရှောက်မှု ခရီးသွားများ ဝင်ရောက်ခြင်းကို လွယ်ကူချောမွေ့စေပါသည်။