မလေးရှားရှိ ကင်ဆာ ကုထုံးများ – ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အံ့ဖွယ်များ

ကင်ဆာဆိုသည် အဘယ်နည်း။

ကင်ဆာဟူသည် ခန္ဓာကိုယ်တွင်း မူမမှန်သည့် ဆဲအကျိတ် ပါဝင်သည့် ရောဂါအုပ်စုကြီး တစ်ခု ဖြစ်သည်။ ထို ပုံမမှန် အကျိတ်များသည် ခန္ဓာကိုယ်၏ အခြား အစိတ်အပိုင်းများသို့ ထိုးဖောက်ဝင်ရောက်နိုင်သည်၊ ပျံ့နှံ့နိုင်ပါသည်။ ကင်ဆာအဆင့်လေးဆင့် – အဆင့် ၁၊ အဆင့် ၂၊ အဆင့် ၃ နှင့် အဆင့် ၄ ဟူ၍ ရှိပါသည် –

အဆင့် ၁ – ကင်ဆာသည် သေးငယ်နေဆဲ​ဖြစ်ပြီး ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့ခြင်း မရှိသေးပါ။

အဆင့် ၂ – ကင်ဆာသည် ကြီးထွားလာပြီ ဖြစ်သည်။ သို့သော်လည်း ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့ခြင်း မရှိဖြစ်နေဆဲ ဖြစ်သည်။

အဆင့် ၃ – ကင်ဆာသည် ထူးထူးခြားခြား ကြီးထွားလာခဲ့ပြီး ပတ်ဝန်းကျင် တစ်ရှူး သို့မဟုတ် ပြန်ရည်ကြိတ် သို့မဟုတ် နှစ်နေရာစလုံးသို့ ပျံ့နှံ့သွားနိုင်ပါသည်။

အဆင့် ၄ – ကင်ဆာသည် ခန္ဓာကိုယ်၏ မတူညီသော အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့နိုင်ပါသည်။ အနိမ့်ဆုံးအားဖြင့် အခြား ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ရပ်သို့ ပျံ့နှံ့ပါသည်။

ကင်ဆာ၏ အတွေ့ရများသော ဖြစ်ကြောင်းများ

ကင်ဆာအများစုသည် ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းများကို အရင်းခံပါသည်။​ ၎င်းတွင် လူနေမှုပုံစံ၊ အမူအကျင့်နှင့် လေထု ရေထု ညစ်ညမ်းခြင်းကဲ့သို့သော ပြင်ပ အကြောင်းရင်းများ ပါဝင်ပါသည်။ အတွေ့ရအများဆုံး ပတ်ဝန်းကျင် အကြောင်းရင်းများမှာ ဆေးလိပ်ဖြစ်ပြီး အစားအသောက်နှင့် အဝလွန်ခြင်း၊ ကူးစက်ရောဂါ၊ ဓာတ်ရောင်ခြည်၊ အထိုင်များသည် လူနေမှုပုံစံနှင့် လေထုရေထု ညစ်ညမ်းခြင်းတို့က နောက်မှ လိုက်ပါသည်။ မျိုးရိုးလိုက်၍ ဖြစ်ခြင်းသည် သေးငယ်သည့် အခန်းကဏ္ဍတစ်ရပ်​ဖြစ်နေသော်လည်း ၎င်းသည်လည်း စိုးရိမ်ပူပန်မှုအတွက် အကြောင်းတစ်ရပ် ဖြစ်နေဆဲဖြစ်ပါသည်။

ကင်ဆာ၏ အတွေ့ရများသော လက္ခဏာများ

ကင်ဆာသည် မည်သည့်လက္ခဏာများမှ မရှိဘဲ စတင်ပါသည်။​ ပထမ အဦးဆုံးတွင် မနာကျင်သော သို့မဟုတ် စပ်ဖျင်းဖျင်းဖြစ်သော မူမမှန်သည့် အကျိတ်များကို ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာခြင်း ဖြစ်ပါသည်။ အကျိတ်သည် ကြီးမားလာသည်အမျှ အခြား လက္ခဏာ အမြောက်အမြား ရှိလာပါသည်။ ၎င်းလက္ခဏာများသည် အကျိတ်၏ တည်နေအပေါ် အလွန်ပင် မူတည်ပါသည်။ ဥပမာ အားဖြင့် အကျိတ်သည် ဆီးအိတ်အနားတစ်ဝိုက်တွင် တည်ရှိပါက ထိုခန္ဓာကိုယ် အစိတ်အပိုင်း နေရာတစ်ဝိုက် တွေ့ရသည့် လက္ခဏာများတွင် ဆီးသွားစဉ် သွေးပါခြင်း ပါဝင်နိုင်ပါလိမ့်မည်။​ ကင်ဆာများသည် မလိုချင်ဘဲ ကိုယ်အလေးချိန်ကျခြင်းကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံး ပါဝင်သည့် လက္ခဏာများဟု ခေါ်ဆိုသည့် ခန္ဓာကိုယ်ကို ကြီးမားလှစွာသော ပြောင်းလဲမှုတစ်ရပ်ကိုလည်း ဖြစ်စေပါသည်။ ကင်ဆာသည် သွေးကြောမှ တစ်ဆင့်ဖြစ်စေ၊ ပြန်ရည်ကြောမှ တစ်ဆင့် ဖြစ်စေ ပျံ့နှံ့ပြီး ကြီးမားသည့် ပြန်ရည်ကြိတ် အစရှိသည်ကို ဖြစ်စေသောအခါ အဝေးသို့ပြန့်နှံ့ခြင်းသည်လည်း ဖြစ်ပွားနိုင်ပါသည်။

ကမ္ဘာတစ်ဝန်း ကင်ဆာဖြစ်နှုန်း

ဖော်ပြထားသည့်အတိုင်း ကင်ဆာသည် ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းများကြောင့် အများစုဖြစ်သောကြောင့် နိုင်ငံတစ်နိုင်ငံချင်းစီ၏ အဖြစ်အများဆုံး ကင်ဆာ အမျိုးအစားသည် ကွာခြားနိုင်ပါသည်။

ကမ္ဘာပေါ်တွင် ထိပ်တန်းအတွေ့ရများ ကင်ဆာများမှာ အဆုတ်၊ ရင်သား၊ အူမကြီး၊ ဆီးကျိတ်နှင့် အရေပြားကင်ဆာတို့ ဖြစ်ပါသည်။​ တရုတ်ပြည်တွင် ထိပ်တန်း အတွေ့ရအများဆုံးမှ အဆုတ်၊​ အစာအိမ်၊ အသည်း၊ အူမကြီးနှင့် ရင်သားကင်ဆာတို့ ဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အတွေ့ရအများဆုံး သုံးမျိုးမှာ ရင်သား၊ အစာရေမြိုပြွန်နှင့် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပါသည်။ အရှေ့တောင်အာရှတွင် အမျိုးသားများ၌ ထိပ်တန်းအဖြစ်များဆုံးကင်ဆာ ငါးမျိုးမှာ အဆုတ်၊ အသည်း၊​ အစာအိမ်၊ အူမကြီးနှင့် ဆီးကျိတ် ကင်ဆာတို့ ဖြစ်ပြီး အမျိုးသမီးများတွင် ထိပ်တန်း အဖြစ်များဆုံးကင်ဆာ ငါးမျိုးမှာ ရင်သား၊ သားအိမ်ခေါင်း၊ အူမကြီး၊ အဆုတ်နှင့် အသည်းကင်ဆာတို့ ဖြစ်ပါသည်။

ကင်ဆာရောဂါ ကုထုံးများမှ မည်သည့်အရာကို မျှော်လင့်နိုင်သနည်း

မလေးရှား၏ ဆေးဘက်ဆိုင်ရာ အံ့ဖွယ်ဆရာဝန်များပြောဆိုချက်အရ ကင်ဆာလူနာများသည် စစ်ဆေးခြင်း ရလဒ်များအပေါ် မူတည်ပြီး မကြာခဏ လာရောက် ပြသရန်နှင့် အချိန်များစွာ ပေးရန် မျှော်လင့်ထားသင့်ပါသည်။ ကုသရေးတွင် ဓာတ်ရောင်ခြည်နှင့် အခြား အမျိုးမျိုးသော ဆေးများ အသုံးပြုခြင်းတို့ ပါဝင်၍ ပျို့အန်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ကုထုံးမတိုင်ခင်နှင့် ပြီးနောက် စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းနှင့် အခြား တို့ကဲ့သို့ ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ခြေများလည်း ရှိပါသည်။ ၎င်းသည် တစ်ဦးနှင့် တစ်ဦး မတူညီနိုင်ပါသည်။​ ထို့ကြောင့် ကျွန်ုပ်တို့၏ ဆေးဘက်ဆိုင်ရာ အံ့ဖွယ်ဆရာဝန်များသည် သင် ရောဂါကို ကျော်လွှားပြီး ပြန်လည်ကောင်းမွန်လာသည့် ကာလတွင် ဘဝကို ပွေ့ဖက် ပျော်ရွှင်နိုင်အောင် အားထုတ်နေချိန်တွင် ၎င်းတို့ကို သင့်အနေဖြင့် နားလည်ပြီး ပြင်ဆင်ထားနိုင်အောင် ကူညီရန် ဤနေရာတွင် ရှိနေခြင်းဖြစ်ပါသည်။​

—––––––––––––––––––––––––––––––––––––––––––––––––––––––––––––––––––––––––––

မလေးရှားရှိ ကင်ဆာရောဂါ ကုထုံးများ

အောက်ပါတို့သည် မလေးရှား၏ ဆေးဘက်ဆိုင်ရာ အံ့ဖွယ်ဆရာဝန်များမှ အထူးကျွမ်းကျင်သော ကင်ဆာကုထုံးများထဲမှ အချို့ ဖြစ်ပါသည် –

i. အကြိတ်ဖယ်ရှားခြင်း (ကင်ဆာ ခွဲစိတ်ကုသခြင်း)
အကျိတ်ဖယ်ရှားခြင်းသည် ယနေ့တိုင် ထိရောက်မှု အမြင့်ဆုံးဖြစ်သော နည်းလမ်းများထဲမှ တစ်ခု ဖြစ်နေဆဲဖြစ်သည့် ကင်ဆာအတွက် အဟောင်းဆုံး ကုသနည်းများထဲမှ တစ်ခု ဖြစ်ပါသည်။ အကျိတ်ကို အနီးတစ်ဝိုက်ရှိ အသားများနှင့်အတူ ခွဲစိတ်ခြင်းအားဖြင့် ဖယ်ထုတ်ပါသည်။ ကင်ဆာသည် တစ်နေရာတည်းတွင်သာ ရှိနေသေးပြီး မပြန့်နှံ့သေးပါက ၎င်းနည်းလမ်းကို လုပ်ဆောင်ရန် ထောက်ခံချက် ပေးပါသည်။

ii. ဓာတ်ရောင်ခြည်ကုထုံး
ဓာတ်ရောင်ခြည် ကုထုံးသည် ကင်ဆာဆဲလ်များ၏ ပွားများကြီးထွားမှုကို လျော့ချပေးသည် သို့မဟုတ် ၎င်းတို့၏ DNA ကို ထိခိုက်ပျက်စီးစေခြင်းဖြင့် ၎င်းတို့ကို သတ်ပစ်ပါသည်။ ဓာတ်ရောင်ခြည် ကုထုံးသည် ခွဲစိတ်ခြင်းနှင့် ဓာတုကုထုံးများကဲ့သို့ အခြားကင်ဆာ ကုသနည်းများနှင့် မကြာခဏ တွဲဖက် လုပ်ဆောင်လေ့ရှိပြီး ခွဲစိတ်ပြီးနောက်ပိုင်းတွင် ကြွင်းကျန်ရစ်သော အခြား ကင်ဆာဆဲများကို သတ်ရန် အသုံးပြုပါသည်။

iii. ဓာတုကုထုံး
ဓာတုကုထုံးသည် ခန္ဓာကိုယ်တွင်းရှိ လျင်မြန်စွာ ကြီးထွားပွားများလာသော ကင်ဆာဆဲလ်များကို သတ်လိမ့်မည်ဖြစ်သော အားကောင်းသည့် ဆေးအမျိုးမျိုးဖြင့် ကင်ဆာရောဂါကို ကုသပါသည်။ ဓာတုကုထုံးသည် ပေးသော ဆေးများအပေါ်မူတည်ပြီး များပြားသည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ပါသည်။

iv. ဇီဝကုထုံး
ဇီဝကုထုံးသည် ကင်ဆာဆဲလ်များကို ပိုမို မှတ်မိစေနိုင်စွမ်း သို့မဟုတ် တိုက်ခိုက်နိုင်စွမ်းဖြင့် လူတစ်ဦး၏ ကိုယ်ခံအားစနစ်အား အဆင်သင့််ဖြစ်နေစေပါသည်။ ကိုယ်ခံအားကုထုံးနှင့် ဇီဝဓာတုကုထုံးသည် ဇီဝကုထုံး၏ အသုံးများသော အမျိုးအစားများဖြစ်ပါသည်။ မိုနိုကလိုနယ် ပဋိပစ္စည်းနှင့် အင်တာလူကင် ၂ (IL-2) သည် မလေးရှား၏ ဆေးဘက်ဆိုင်ရာ အံ့ဖွယ်ဆရာဝန်များ အသုံးပြုသော အဆင့်မြင့် ဆေးများထဲမှ နှစ်မျိုး ဖြစ်ပါသည်။

v. ဟိုမုန်းကုထုံး
ဟိုမုန်းကုထုံးတွင် ကင်ဆာဆဲလ်များ၏ ကြီးထွားပွားများလာမှုကို ရပ်တန့်ရန် သို့မဟုတ် လျော့ချရန် ခန္ဓာကိုယ်မှ ဟိုမုန်းများကို ပေါင်းထည့်၊ ပိတ်ဆို့ သို့မဟုတ် ဖယ်ရှားသော ဆေးဝါးများကို ပေးခြင်းတို့ ပါဝင်ပါသည်။ ကျွန်ုပ်တို့၏ ဆေးဘက်ဆိုင်ရာ အံ့ဖွယ်ဆရာဝန်များသည် ရင်သားနှင့် ဆီးကျိတ်ကင်ဆာ လူနာများအတွက် ဤကုထုံးကို အလွန်ပင် ထောက်ခံချက်ပေးပါသည်။

ကင်ဆာကို စောစီးစွာ သိရှိရန်အတွက် မလေးရှားရှိ နည်းပညာများ

မလေးရှားသည် ရှေ့ဆောင်လမ်းပြဖြစ်သည့် ပုံရိပ်နှင့် ကင်ဆာရှာဖွေဖော်ထုတ် နည်းပညာများ မည်သည့်အခါမှ ကုန်ခန်းသွားခြင်းမရှိပါ။ မလေးရှားသို့ ကင်ဆာ စစ်ဆေးရန်အတွက် ကျန်းမာရေးခရီးသွားများအနေဖြင့် ခရီးသွားခြင်းသည် ပုံမှန်ပင် ဖြစ်ပါသည်။ ဆေးရုံပေါ်မူတည်၍ ၆၄- ၊ ၂၅၆- နှင့် ၆၄၀- ပုံ စီတီ စကန်နာများ၊ အတွင်းပိုင်းကြည့်ကိရိယာ၊ အဖြောင့် အရှိမြင့် (LINAC) ကိရိယာ၊ PET စကန်နာများနှင့် MRI စကန်နာများလည်း ရရှိနိုင်ပါသည်။

မလေးရှားရှိ အဆင့်မြင့်ကင်ဆာကုထုံးနည်းပညာများ

မလေးရှားသည် ဂမ်မာဓား ရေဒီယိုခွဲစိတ်ကုသမှုနှင့် ဒါဗင်ချီ စက်ရုပ် ခွဲစိတ်ကုသမှုစနစ်ကဲ့သို့သော နောက်ဆုံးပေါ် ဖြေရှင်းကုသနည်းများကို ဂုဏ်ယူစွာ ပေးစွမ်းနိုင်ပါသည်။ အချို့သော အဖွဲ့ဝင်ဆေးရုံများတွင် ၎င်းဝန်ဆောင်မှုများကို ရရှိနိုင်ပါသည်။

ကျွန်ုပ်တို့ ဆေးဘက်ဆိုင်ရာ အံ့ဖွယ်ဆရာဝန်များသည် သင့်အနေဖြင့် ကင်ဆာအား ကျော်လွှားနိုင်အောင် ကူညီရန် အမြဲတမ်းအဆင်သင့် ဖြစ်နေပါသည်။